ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် Diamond Road ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မောင်တောမြို့နယ်၊ ရွာသာယာကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းသို့ ခရိုင်ဦးစီးမှူးဦးစောထွန်း နှင့်အဖွဲ့မှ (၁၂-၉-၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်အတိုင်းအတာပြည့်မီစေရေး နှင့် 3rd Party စစ်ဆေးခံယူနိုင်ရေး အလေးထားဆောင်ရွက်သွားရန် သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ခံ အား မှာကြားခဲ့ပါသည်။
ခရိုင်ဦးစီးမှူးနှင့် အဖွဲ့မှာ ကျေးရွာသူ/သားများတင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့်တွေ့ဆုံပြီး လုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်ဝအောင်ရွက်နိုင် ရန်ကျေးရွာသူ/သားများမှ လည်း ကုမ္ပဏီ၊ဦးစီးဌာနများနှင်ညအတူပူးပေါင်းဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။