ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ခနောင်ကျေးရွာအုပ်စု၊
ခနောင်(အရှေ့)ကျေးရွာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေချေးငွေများကို စက်တင်ဘာ၁ရက်
နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ချေးငွေအောင်မြင်သူ ၁၄၀ တို့အား ချေးငွေကျပ် ၃၅၅၀၀၀၀၀/-
ကို ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာမတည်
ရန်ပုံငွေစီမံကိန်းကို နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း၃၀၀ ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍
ခနောင်ကျေးရွာအုပ်စု ခနောင်(အရှေ့)ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအား အကောင်
အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ် စက်တင်ဘာလအထိ ထုတ်ချေးငွေ
ကျပ်သန်းပေါင်း ၃၅ဒသမ၅၀သန်း၊ အတိုးရငွေကျပ် ၇ဒသမ၅၃သန်းဖြင့် လည်ပတ်လျှက်ရှိသည်။
အဆိုပါချေးငွေများဖြင့် ကျေးရွာနေပြည်သူများ ငွေအရင်းအနှီးရှိကာ မိသားစုဝင်ငွေတိုး
လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မတည်ရန်ပုံငွေမှတိုးပွားလာသော အတိုးငွေများဖြင့်
ကျေးရွာပိုင်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်
ဖြစ်ကြောင်းသိရသည်။