ရွှေကူမြို့နယ် ရွှေဘုံသာကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း
===============================================================
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရွှေဘုံသာကျေးရွာဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာအသုံးပြုနိုင်စေရန် ရည်ရွယ်၍ စက်ရေးတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများကို (၈.၉.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်၊တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ရွှေဘုံသာကျေးရွာ၌ စက်ရေတွင်း(၄.၅")(၃၀၀')ပေ တူးဖော်ခြင်း၊ ဂါလံ (၂၄၀၀)ဆံ့ ကွန်ကရစ်ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း(၅' X ၅' X ၇')လုပ်ငန်းများ တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
အဆိုပါလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် (၂၅.၀၀)သန်းဖြင့် ရွှေဝါလင်းယုန်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိပြီး ပြီးစီးမှု ရာခိုင်နှုန်းမှာ ၇၅ % ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စစ်တွေ့ရှိရပါသည်။