Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ် ခတ္တိယရွာသစ်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေကျပ်သိန်း ၃၀၀ထုတ်ချေး

13 September 23

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ခေတ်မီစံပြ ကျေးရွာဖြစ်သော ခတ္တိယကျေးရွာအုပ်စု ၊ ခတ္တိယရွာသစ်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာနေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေး၊ အငယ်စား၊ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် အတွက် လိုအပ်သေ ငွေကြေးအရင်းအနှီးများ ရရှိစေရန် ကျေးလက်စီးပွားမြင့်မားရေး အရင်းမပျောက်လည်ပတ်ရန်ပုံငေါ ကျပ်သိန်း ၃၀၀ ကို စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ချေးရာတွင် ခတ္တိယရွာသစ်ကျေးရွာမှ စိတ်တူကိုယ်တူ အသက်မွေးဝမ်းကျောင်းအဖွဲ့ လေးဖွဲ့အား အသားတိုးနွား မွေးမြူခြင်း လုပ်ငန်း ဆောင်ရွက်၇န် တစ်ဖွဲ့လျှင် ငွေကျပ် ၇၅ သိန်း   စီ စုစုပေါင်း ငွေကျပ် သိန်း ၃၀၀ ကို တွံတေးမြို့နယ် ‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးကြပ်၍ ခတ္တိယရွာသစ်ကေျးရွာ ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်း အဖွဲ့ ဉက္ကဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များက အဖွဲ့ဝင် ဦးဝဏ္ဏစိုးနေအိမ်၌ စနစ်တကျ ထုတ်ချေးပေးခဲ့သည်။အတိုးနှုန်းမှာ ငွေကျပ် ၁၀၀ လျှင် တစ်လ ပြား ၅၀ နှုန်း ဖြစ်ကြောင်း သိရသည်။