Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ရေသန့်စင်စက်တပ်ဆင်ခြင်းနှင့် ကျေးရွာတွင်းလမ်းကျောက်ရောမြေခင်းခြင်း(၂၅၂၀’x၁၂’x၆”)လုပ်ငန်း ကွင်းဆင်းကြည့်ရှု

11 September 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ရေသန့်စင်စက်တပ်ဆင်ခြင်းနှင့် ကျေးရွာတွင်းလမ်းကျောက်ရောမြေခင်းခြင်း(၂၅၂၀’x၁၂’x၆”)လုပ်ငန်း ကွင်းဆင်းကြည့်ရှု

 

ပဲခူးတိုင်း

 

၁။      ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ‌ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိ လိုအပ်ချက်များကို ဖော်ထုတ်ပြီးဦးစားပေး အစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီးစီမံချက်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်လုပ်ငန်းများအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈) မြို့နယ်တွင် ကျေးရွာပေါင်း (၁၉၉၂)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ (၁၁.၉.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရှမ်းမင်းလမ်း ကူးကျေးရွာ၌ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့်ဆောင်ရွက်သည့် ရေသန့်စင်စက်တပ်ဆင်ခြင်းနှင့် ကျေးရွာတွင်းလမ်းကျောက်ရောမြေခင်းခြင်း (၂၅၂၀’x၁၂’x၆”) လုပ်ငန်းအား ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးနှင့် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့တို့မှ (၁၁-၉-၂၀၂၃) ရက်နေ့ တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။