Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွဲပြောင်းပေးအပ်မှုသတင်း

07 September 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွဲပြောင်းပေးအပ်မှုသတင်း

 

 

ပဲခူးတိုင်း‌                                          

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန် တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်မြင့်တက်လာစေရန်နှင့် မမျှော်မှန်း နိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုန့်ပြန်နိုင်မှုအားကောင်းသော လူထုအဖွဲ့ အစည်းများပေါ်ပေါက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်တွင် ကျေးရွာပေါင်း(၁၂၄၃)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၇.၉.၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး  နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဇရပ်လှ‌ကျေးရွာအုပ်စု၊ ချောင်းနားကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေး အပ်ပွဲကို  ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင်   မြို့နယ်အုပ်ချုပ်ရေးမှူး များ၊ ‌ကျေးရွာကော်မတီဝင်များနှင့် မြစိမ်းရောင်အသင်းဝင်ရွာသူ/သားများ တက်ရောက် ခဲ့ပါသည်။