Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးမြို့နယ် ညောင်ပင်ကြီးကျေးရွာ၌ အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး

12 September 23

မကွေးမြို့နယ် ညောင်ပင်ကြီးကျေးရွာ၌ အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး
==========================================================================
မကွေး     စက်တင်ဘာ      ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ၌ အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက စက်တင်ဘာလ ၁၁ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်မြသက်ထွေးနှင့် မကွေးမြို့နယ်မှ အင်ဂျင်နီယာဝန်ထမ်းများသည် ညောင်ပင်ကြီးကျေးရွာသောက်‌သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)က မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ခံအား လုပ်ငန်းများအားလုံး သတ်မှတ်အတိုင်းအတာ၊ သတ်မှတ်စံနှုန်းများအတိုင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍားရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၅၃ ဒသမ ၅၃ သန်းအသုံးပြု၍ ညောင်ပင်ကြီးကျေးရွာ၌ ၇ ဒသမ ၆ ကီလိုဝပ် ဆိုလာစနစ် တည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းအရှည် ၃၀၀၀၀ ပေ သွယ်တန်းခြင်းလုပ်ငန်းများကို မြင့်မိုရ်စံထားကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၂၄ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၂၇၀ အိမ်၊ လူ ၁၁၂၅ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိမည့်အပြင် ဆိုလာစနစ်ဖြစ်သည့်အတွက် ရေစက်မောင်းနှင်ရာ၌ ဒီဇယ်ဆီဖိုးသက်သာခြင်း၊ ပတ်ဝန်းကျင်ဆူညံမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။