စစ်တွေခရိုင်၊ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၁၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်မှစတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသောကွန်းတောင်ကျေးရွာအရင်း မပျောက်လည်ပတ် ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်း အရင်း/အတိုး ငွေများအား သတ်မှတ် ကာလ အတွင်း အချိန်မှန်ပေးသွင်းနိုင်ရေး ၊ ပုံမှန်လည်ပတ်နိုင်ရေး အတွက် ကျေးရွာကော်မတီဝင် များ၊ အသင်းသူ/အသင်းသားများနှင့်တွေ့ဆုံ ဆွေးနွေးခြင်းအား( ၁၁.၉.၂၀၂၃ )ရက်နေ့ တွင် မြို့နယ်ဦးစီးမှူး၊ ဒေါ်အိန္ဒာကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာဝန်ထမ်းများနှင့် အဖွဲ့တို့က ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့တို့သည် ကွန်းတောင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခြင်းအားဖြင့် ကျေးရွာ တွင်လိုအပ်လျှက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ဦးစီးမှူးအား တင်ပြတောင်ဆိုခဲ့ပြီး မြို့နယ်ဦးစီးမှူးမှ လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး မြစိမ်းရောင်ကျေးရွာကော်မတီဝင်များ ပြုလုပ်ထားသော ငွေစာရင်း ဆိုင်ရာများနှင့်တစ်ဦးချင်းချေးငွေစာရင်းများအား စိစစ်ခဲ့ပြီး ချေးငွေလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက မြို့နယ်ကျေးလက်ဦးစီးရုံးသို့ အချိန်မှီအကြောင်းဆောင်ရွက်မေးရန် မိမိတို့ ဦးစီးဌာနမှလည်း ကျေးရွာနှင့်အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။