ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောင်းစုကျေးရွာ ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား အခြေအနေ ကွင်းဆင်းခြင်း
ကျောက်ပန်းတောင်း စက်တင်ဘာလ ၁၂
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃ - ၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တင်ဒါရကုမ္ပဏီဖြစ်သည့် Yadanarpon Crystal Light ကုမ္ပဏီမှ ဆောင်ရွက်သည့် ကျောင်းစုကျေးရွာ အပိုင်း (၂) မြေသားရေကန် တူးဖော်ခြင်း (၅၅၀' x ၅၀၀' x ၄') လုပ်ငန်း ခွင့်ပြုငွေ (၉၃.၃၈) သန်းဖြင့် ၂၆.၆.၂၀၂၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့မှု အခြေအနေအား (၅.၉.၂၀၂၃) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ၊ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) နှင့် အဖွဲ့ရုံးမှ တာဝန်ခံ အင်ဂျင်နီယာ နှင့်အတူ အင်/ယာအဖွဲ့များ ကွင်းဆင်းကြည့်ရှုခဲ့ရာ မြေပြင်တွင် (၉၅ %) ဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ လက်ရှိတွင် မြေသား ရေကန်မိုးရေဝင်ရောက်လျှက်ရှိပြီး လုပ်ငန်း (၁၀၀ %) ဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၆) ရွာရှိ အိမ်ခြေ (၁၀၂၇) အိမ်၊ လူဦးရေ (၅၅၀၆) ဦးတို့အား သောက်သုံးရေဖူလုံသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရှိရပါသည်။