ငါန်းဇွန်မြို့နယ်ရွာသစ်ကျေးရွာ၌ရေပေးရေးလုပ်ငန်းနှင့်အသက်မွေးဝမ်းကျောင်းအထောက်
အကူပြုလုပ်ကိုင်ရရှိမှုကွင်းဆင်းစစ်ဆေး
ငါန်းဇွန် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (ဆပ်ပြာဆီ) ပြုလုပ် နည်းသင်တန်း ဖွင့်လှစ်ပြီးစီးခဲ့သည့် သင်တန်းသူ/ သားများ၏ လုပ်ငန်းခွင်အသုံးချနိုင်မှု အခြေ အနေများ ကို တံတားဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်း နှင့် တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်တာဝန်ခံအင်ဂျင်နီယာ၊ ငါန်းဇွန်မြို့နယ်မှ မြို့နယ်ဦးစီးမှူး နှင့် တာဝန်ခံအင်ဂျင်နီယာတို့ လိုက်ပါလျှက် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်ထောင် စုရန်ပုံငွေ၊ တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် ကျေးလက်ရေပေးရေးလုပ်ငန်း အခြေအနေ များကို ကြည့်ရှု့စစ်ဆေး ပြီးနောက် ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းက လုပ်ငန်းစံချိန်စံညွှန်း ပြည့်မီပြီး သတ်မှတ် ထား သော ဘဏ္ဍာ ရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု(ဆပ်ပြာဆီ)ပြုလုပ်နည်း သင်တန်းတွင် တတ်ရောက်ခဲ့သည့် ရွာသစ်ကျေးရွာရှိသင်တန်းသူများ၏ လုပ်ငန်းခွင်ပြန်လည်အသုံးချနိုင်မှု အခြေအနေ တို့ကို ကွင်းဆင်းကြည့်ရှု့ရာ သင်တန်းသူများမှ ဒေသနှင့်ကိုက်ညီသည့် ဝင်ငွေတိုး လုပ်ငန်းဆောင်ရွက်နိုင်ခြင်း၊ အိမ်တွင် ကိုယ်ပိုင်စီးပွာရေးလုပ်ငန်းဆောင်ရွက်ခွင့်ရရှိခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာခြင်း၊ နည်းပညာနှင့် ကျွမ်းကျင်မှုအား လက်ဆင့်ကမ်းမျှဝေနိုင်ခြင်း၊ စီးပွားရေးဈေးကွက် တွင်ပိုမိုအမြင်ကျယ်လာခြင်းနှင့် ဗဟုသုတများပိုမိုရရှိလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာ ပါကြောင်း သင်တန်းသူများကိုယ်စား ဒေါ်ခင်ငြိမ်းငြိမ်းက ဝမ်းသာပီတီဖြစ်ရပါ ကြောင်း ပြောကြား ခဲ့ပါသည်။
ခရိုင်ဦးစီးမှူးမှ လုပ်ငန်းတိုးချဲ့ဆောင်ရွက်လိုသူ သင်တန်းသူများအတွက် လိုအပ်သော အရင်းအနှီးကို မြစိမ်းရောင်စီမံကိန်းမှ ထုတ်ချေးပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။