Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘူးသီးတောင်မြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မည့်ကျေးရွာများအားကွင်းဆင်းဆောင်ရွက်ခြင်း

11 September 23

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်း ဆောင်ရွက်မည့် ကျောက်ရစ်၊ သံခြွေ၊ ဝမ်းတွင်း၊ ပြင်ရှည်၊ ကြာညိုပြင်၊ ကင်းချောင်း ၊ သဘောက်ချောင်း ကျေးရွာ( ၇) ရွာအား ဘူးသီးတောင်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင် နှင့် တာဝန်ခံအင်ဂျင်နီ ယာများ ၊စီမံကိန်းလုပ်ငန်းတာဝန်ခံများက ကွင်းဆင်းစစ်ဆေးရာ ကျေးရွာ(၇) ရွာ မှ ကျေးရွာကော်မတီ ဝင်များက လုပ်ငန်းဆောင်ရွက်မည့်နေရာ ပစ္စည်းစုဆောင်းထားရှိမှု များအား လိုက်လံပြသ ရှင်းပြခဲ့ ကြ‌ကြောင်းသိရှိရပါသည်။

မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခြင်းဖြင့်ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေး ကျေးရွာကော်မတီဝင်များမှ ကျေးလက်ဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သွားရန် အခက်ခဲများရှိပါက ဦးစီးဌာနသို့ အချိန်မှီသတင်းပို့ဆောင်ရွက်ရန်၊ ကျေးလက်ဦးစီးမှလည်း အချိန်နှင့်တပြေးညီးကူညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်သတင်းရရှိပါသည်။