Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အင်္ဂပူမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

11 September 23

 ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဟင်္သာတမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီက အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

  သင်တန်းဖွင့်ပွဲအခမ်းအနားသို့    အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌမှ အမှာစကား ပြောကြားခဲ့ပြီး အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းမှ  သင်တန်းဖွင့်လှစ်ပေးရခြင်းအ ကြောင်းကို ရှင်းလင်းပြောကြားသည် ။ အဆိုပါသင်တန်းကို     သင်တန်းသားဦးရေ ၃၀ တက်ရောက်ကြပြီး ဟင်္သာတမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျွမ်းကျင်နည်းပြများက သင်ခန်းစာများကို စာတွေ့၊လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းကာလမှာ စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာ ၅ ရက်ထိ ဖြစ်ပါသည်။