တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လိပ်သောင်ကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ဆင်းရဲမှုနှုန်းလျော့ချနိုင်စေရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် အခြားမိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမအကြိမ်ထုတ်ချေးခြင်ကို စက်တင်ဘာလ ၇ ရက် နံနက် ၁၀ နာရီအချိန်က လိပ်သောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာ(နည်းပညာ) ဒေါ်ခင်ပြည့်စုံဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေထုတ်ချေးခြင်း ရည်ရွယ်ချက်များ အတိုးနှုန်းသတ်မှတ်ချက်များ၊ကာလသတ်မှတ်ချက်နှင့် လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၅၆၃ သိန်း လွှဲပြောင်းပေးအပ်သည်။
ထို့နောက် လိပ်သောင်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက လိပ်သောင်ကျေးရွာရှိ စိုက်ပျိုးရေး၊မွေးမြူရေး ၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်းအသင်းသား၊ အသင်းသူ ၁၆၄ ဦးကို ရန်ပုံငွေကျပ် ၅၆၃ သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။