စစ်တွေခရိုင် ၊ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပဒေသာကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းဆောင်ရွက်နေပုံများအား (၇.၉.၂၀၂၃) ရက်နေ့ တွင် မြို့နယ်ဦးစီးမှူး (ဒေါ်အိန္ဒာကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး) နှင့်တာဝန်ခံ ဝန်ထမ်းများနှင့်အဖွဲ့တို့ကကျေးရွာသို့သွား ရောက်ခဲ့ပြီးကျေးရွာကော်မတီဝင်များ များနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေပုံများအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို မြို့နယ်ဦးစီးမှူးမှ ဖြည့်စွက်မှာကြားခဲ့ပါသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်းအားဖြင့် ကျေးရွာသူ/ကျေးရွာသားများနှင့်တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းနှောက်နှေးမှုမရှိဘဲ အချိန်မှီးပြီးစီးနိုင် မည်ဖြစ်ပြီးကော်မတီဝင်များမှာရှိသောအခက်အခဲများအား ဦးစီးဌာနမှ ပူးပေါင်းကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။