Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းခရိုင်၊ဟုမ္မလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနောက်ထိန်ကင်းကျေးရွာ၌ VDP စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း

27 August 23

စစ်ကိုင်း ဩဂုတ် ၂၇
 
                     စစ်ကိုင်းတိုင်းဒေသကြီး ၊ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနောက်ထိန်ကင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း နှင့်  ကော်မတီဖွဲ့စည်းခြင်းကို ဩဂုတ် လ ၂၂ ရက် မွန်းလွဲပိုင်းတွင် အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရှိရပါသည်။
 
                     ရှေးဦးစွာ ဟုမ္မလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်တင်ယုမေမှ အမှာစကားပြောကြားပြီး ဟုမ္မလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး၊ဦးရာဌေးမှ  စီမံကိန်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။  
 
                    ဆက်လက်၍ မြို့နယ်စီမံကိန်း တာဝန်ခံနှင့်တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းစဉ်များ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်း၊ စီမံချက်ရေးဆွဲခြင်း ၊ အကောင်အထည်  ဖော်ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက ကျေးရွာကော်မတီဝင် (၇)ဦးကို အများသဘောတူဆန္ဒနှင့် အညီ ရွေးချယ်ပေးခဲ့ကြသည်။
 
                   ဟုမ္မလင်းမြို့နယ် အနောက်ထိန်ကင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ခု ၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၅၀ ၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့ဖြင့် အရှည် ပေ ၅၄၀၊ အကျယ် ၈ ပေ ၊ အမြင့် ၆ လက်မ ရှိ၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ/သားများ ကိုယ်တိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟုမ္မလင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်တင်ယုမေ ထံမှ သိရှိရပါသည်။
 
ကိုမြတ်