Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရခိုင်ပြည်နယ် ဝန်ထမ်းအသစ်ရွေးချယ်ခန့်ထားရေး အငယ်တန်းအင်ဂျင်နီယာ-၃၊ အငယ်တန်း အင်ဂျင်နီယာ-၄၊ စာမေးပွဲ စစ်ဆေးခြင်း

10 September 23

ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ခေါ်ယူလျှက်ရှိသော ဝန်ထမ်း အသစ်ရွေးချယ်ခန့်ထားရေးအတွက် အငယ်တန်းအင်ဂျင်နီယာ-၃၊ အငယ်တန်းအင်ဂျင်နီယာ-၄၊ ဝန်ထမ်းသစ်များ ရွေးချယ်ခန့်ထားရေး ရေးဖြေစာမေးပွဲကို (၁၀.၉.၂၀၂၃) ရက်နေ့ ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြု ဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခေါ်ယူလျှက်ရှိသော ဝန်ထမ်းသစ်များအတွက် ရခိုင်ပြည်နယ်ကျေးလက်ဦးစီးမှူးရုံးတွင် လျှောက်လွှာတင်သွင်းသူ အငယ်တန်းအင်ဂျင်နီယာ-၃ (၄)ဦး၊ ဖြေဆိုသူ(၁)ဦး၊ အငယ်တန်းအင်ဂျင်နီယာ-၄(၁၃)ဦး၊ ဖြေဆိုသူ(၁၀)ဦး ၊စုစုပေါင်းပျက်ကွက်(၄) ဦး၊ စုစုပေါင်းဖြေဆိုသူ (၁၁)ဦးရှိကြောင်းသတင်းရရှိပါသည်။