အမ်းခရိုင်၊ အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် အမ်းမြောက်ကျေးရွာအုပ်စု၊ ဒိုင်ကြီးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)” မိတ်ဆက် ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန် အမ်းခရိုင်၊ အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမ်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးခင်မောင်ဝင်း၊ အမ်းခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်စိုး၊ အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ (၂၀)ဦး တက်ရောက်ကြပါသည်။
အမ်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်စိုးက စီမံကိန်းလုပ်ငန်းများအား သေးစိတ်ချပြဆွေးနွေးပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့ဌာနများနှင့် သက်ဆိုင်သည့်လုပ်ငန်းများအား အသေးစိတ် ဆွေးနွေးအကြံပြုပေးခဲ့ကြကာ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် အခမ်းအနားပြီးစီးကြောင်း သတင်းရရှိသည်။