သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မင်းပြားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည် ကျေးရွာ(၇)ရွာအတွက် တစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ်သိန်း(၁၅၀) လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
မင်းပြားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သိန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း၏ အကြောင်းအရင်းကိစ္စရပ်များနှင့် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးရွာသူ/သားအားလုံး တက်ကြွစွာ ပူးပေါင်း ဆောင်ရွက် စေလိုကြောင်းပြောကြားခဲ့သည်။
မင်းပြားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ (နည်းပညာ) က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီများအား စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းအရည်အသွေးပြည့်မီစေရေးအတွက် ညွှန်ကြား ချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး အထူးအလေးထားဆောင်ရွက်သွားကြရန် ရှင်းလင်းပြေားကြား ခဲ့ကြောင်း သတင်းရရှိပါသည်။