Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ် ခုနစ်မိုင်ကျေးရွာ၌ သောက်သုံးရရရှိရေး လုပ်ငန်းဆောင်ရွက်မှုအား ခရိုင်ဦးစီးမှူး မှ ကွင်းဆင်းစစ်ဆေး(မြဝတီရုပ်သံသတင်း)

08 September 23

မိုးညှင်းမြို့နယ် ခုနစ်မိုင်ကျေးရွာ၌ သောက်သုံးရရရှိရေး လုပ်ငန်းဆောင်ရွက်မှုအား ခရိုင်ဦးစီးမှူး မှ ကွင်းဆင်းစစ်ဆေး(မြဝတီရုပ်သံသတင်း)  

မိုးညှင်း စက်တင်ဘာ  ၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ခုနစ်မိုင်ကျေးရွာ၌​ရေပေးရေးလုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေကို စက်တင်ဘာ ၇  ရက်နေ့ကကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့် နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာကော်မတီဝင်များနှင့်အတူကွင်းဆင်းစစ်ဆေးကြပြီး မိုးမြင့်သဒ္ဓါ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းတင်ပြရာ အဆိုပါတင်ပြမှုအပေါ် ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းများ နှင့် အညီ ပြည့်မီစွာဆောင်ရွက်နိုင်ရေး သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီး အောင်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပြီး လုပ်ငန်းများအလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် များပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါခုနစ်မိုင်ကျေးရွာတွင်နက်တူးဖော်ခြင်း လုပ်ငန်းမှာ လေးလက်မ သုံးလက်မ နှစ်လက်မ ပိုက်ဖြင့် ပေပေါင်း ၁၆၂၀၀ ပေ ရေပိုက်သွယ်တန်းခြင်း၊ အရှည် ၂၅ပေ ထု သုံး​ပေ နှင့် အမြင့် ငါးပေရှိ ရေတားတမံတည်ဆောက်ခြင်းနှင့် ဂါလံ  ၅၀၀၀ ဆံ့ ရေသိုလှောင်ကန်နှစ်ကန် တည်​ဆောက်ခြင်း လုပ်ငန်းများကို ဇူလိုင်လဒုတိယပတ်က ခွင့်ပြုရန်ပုံငွေ ကျပ် ၆၁ ဒသမ ၈၇၅ သန်းဖြင့် မိုးမြင့်သဒ္ဓါကုမ္ပဏီ က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုအခါလုပ်ငန်းများ ၈၅% ခန့် ပြီးစီးပြီ ဖြစ်ကြောင်းနှင့်အဆိုပါ‌ရေရရှိရေးလုပ်ငန်းပြီးစီးသွားပါကခုနစ်မိုင်ကျေးရွာမှ (၁၉၂)အိမ်နေ လူဦးရေ(၉၈၁)ဦးအတွက် သန့်ရှင်းသောသောက်သုံးရေကိုဖူလုံစွာအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

(၈.၉.၂၀၂၃)ရက်နေ့ မြဝတီရုပ်သံသတင်း နံနက်(၉ )နာရီ ပြည်တွင်း သတင်းတွင်ပါရှိသည်။