စက်တင်ဘာလ ၈ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ရိုင်၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်နည်းသင်တန်းအမှတ်စဉ် (၂/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို (၀၆.၀၉.၂၀၂၃) ရက်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့ သင်တန်းဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ရာတွင် ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌက တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက သင်တန်းတွင် ပို့ချသွားမည့်သွားမည့် သင်ခန်းစာများ၊ သင်တန်းနှင့်ပတ်သက်သည့် သိကောင်းစရာများ ပြောကြား၍ သင်တန်းသူများ အနေဖြင့် သင်တန်းကာလပြီးဆုံးသည် အထိ စိတ်ပါဝင်စားစွာ တက်ရောက်ကြနိုင်ရေးပြောကြားပါသည်။ ဆက်လက်၍ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။အခမ်းအနားသို့ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသိန်းတန်၊ မြန်အောင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းနိုင်၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပါသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းအား ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် (၀၆-၀၉-၂၀၂၃ ရက်နေ့မှ (၂၀-၀၉-၂၀၂၃ ရက်နေ့အထိ) သင်တန်းသား/သူ (၂၅)ဦး ဖြင့် ရက်ပေါင်း(၁၅)ရက် စာတွေ့လက်တွေ့ သင်ကြားသွားဖြစ်ပါသည်။