Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

08 September 23

မောင်တောခရိုင် ၊ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သရက္ကင်းမနူးကျေးရွာအုပ်စု ဝါးခုတ်ချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးခြင်းကို စက်တင်ဘာလ ၆ ရက် မွန်းလွှဲ ၁ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာဘူးသီးတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်က ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ လျော့နည်းလာမှု နှင့် စားဝတ်နေရေး အခက်အခဲများ ကုစားပေးနိုင်ရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးရခြင်း ဖြစ် ကြောင်း ရှင်းလင်း ပြောကြားသည်။ထို့နောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ဝါးခုတ်ချောင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၁၅) ဦးကို ငွေကျပ်(၁၁.၆) သန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၅) ဦး ကို ငွေကျပ်(၆.၆) သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၂) ဦးကို ငွေကျပ်(၁.၅) သန်း၊ စုစုပေါင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်(၁၉.၇)သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။အခမ်းအနားသို့ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင် နှင့် စီမံကိန်းဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ ဝင်များ၊ကျေးရွာသူ/သား များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။