Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရမ်းဗြဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်

08 September 23

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကျေးရွာ (၇) ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီထံသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား စက်တင်ဘာလ (၇) ရက် နေ့လည် (၁၂: ၀၀) နာရီအချိန်တွင် ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း  ကျေးရွာတစ်ရွာချင်းအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ (၇) ရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များသို့  ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်းတစ်ရာ့ငါးဆယ်အား  လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။အဆိုပါ လွှဲပြောင်းပွဲ အခန်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဆောင်ရွက်မည့်ကျေးရွာ (၇) ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် များ  တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။