Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်ထုံးရေပေါက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

08 September 23

မိုးကောင်းမြို့နယ်ထုံးရေပေါက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေး

မိုးကောင်း စက်တင်ဘာ ၇

ကချင်ပြည်နယ်  မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ထုံးရေပေါက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်းကို စက်တင်ဘာ ၆  ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင်  မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေဝင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်း သည်ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန် ၊ မိသားစုဝင်ငွေတိုး လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်  မြို့ပြနှင့်ကျေးလက် လူနေမှုအဆင့်အတန်း ကွာဟမှုကိုလျော့ချနိုင်စေရန် ရည်ရွယ်၍ ရန်ပုံငွေများထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ၊ အသင်းသား ၊ အသင်းသူများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များ နှင့်အညီ ချေးငွေရယူသည့်လုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက်ကြရန် ၊ ရန်ပုံငွေလေလွင့်မှု မရှိစေရေးနှင့် ၊ကျေးလက်ဥပ‌ဒေပါပြဌာန်းချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာကော်မတီဝင်များထံ ငေွကျပ် ၂၉၇ သိန်း လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက ထုံးရေပေါက်ကျေးရွာမှ စိုက်ပျိူးရေးလုပ်ငန်းလုပ်ကိုင်သူ( ၂၅ )ဦး ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ(၂၅)ဦး ၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၂)ဦး ၊ စုစုပေါင်းအသင်းသူ/ သား (၅၂)ဦးကို ငွေကျပ် (၂၉၇) သိန်းထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

(၈.၉.၂၀၂၃)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ(၂၅) ကော်လ(၅/၆)တွင်ပါရှိသည်။