ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် ထုတ်လုပ်ခြင်းသင်တန်းကို စက်တင်ဘာ(၄)ရက်တွင် ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးရုံးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရသေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဉက္ကဌက အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ဆက်လက်၍ ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦး လက်ထောက်ညွှန်ကြား ရေးမှူး၊(နည်းပညာ)က သင်တန်းဖွင့်လှစ် ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုသည့် အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးခြင်း မိသားစု ဝင်ငွေတိုးတက်လာစေပြီး စားဝတ်နေရေး ပြေလည်မှုရှိခြင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းဖြင့် သာယာဝပြောသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်ခြင်းစသည့် ရည်ရွယ်ချက်များကို ပြောကြားသည်။အဆိုပါသင်တန်းတွင် သင်တန်းသူ(၂၀)ဦး တက်ရောက်၍ သင်တန်းကာ လရက်(၂၀) ကြာ သင်ကြားပို့ချလျက်ရှိကြောင်း သတင်းရရှိပါသည်။