Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မောင်တောမြို့နယ်အိုးထိန်းကျေးရွာတွင်ကျေးလက်မီးလင်းရေးလုပ်ငန်းလည်ပတ်မှုအခြေအနေအား ကွင်းဆင်းဆောင်ရွက်ခြင်း

08 September 23

မောင်တောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သစ်တုံးနားခွဆုံကျေး ရွာအုပ်စု၊ အိုးထိန်းကျေးရွာတွင် အိန္ဒိယထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်ထားရှိသည့်(Mini-Grid)ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းလုပ်ငန်း လည်ပတ်ထားရှိမှု အခြေအနေအား မြို့နယ်ဦးစီးမှုးနှင့်အဖွဲ့ မှ(၆-၇-၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          မြို့နယ်ကျေးလက်ဦးစီးမှူးနှင့်အဖွဲ့မှာ အိုးထိန်းကျေးရွာ သို့ကွင်းဆင်း ဆောင်ရွက်ခြင်း အားဖြင့် မီးလင်းရေးလုပ်ငန်းဆောင်ရွက်ထားရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြန်လည် လည်ပတ်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကျေးရွာမီးလင်းရေး ကော်မတီဝင် များနှင့်တွေ့ဆုံကာ ကျေးရွာကော်မတီဝင်များအား အခက်အခဲများရှိပါကကျေးလက်ဦးစီးရုံးသို့ တင်ပြဆောင်ရွက်သွားရန်နှင့် ကျေးလက်ဦးစီးဌာနမှလည်း အချိန်နှင့်တပြေးညီပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။