မိုးကောင်းမြို့နယ်၌ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
မိုးကောင်း ဩဂုတ် ၃၁ ရက်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၃၀ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် မိုးကောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းက စီမံကိန်းအကြောင်းအရာများအကြောင်း ၊ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီးနောက် စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ထုံးရေပေါက်ကျေးရွာ နှင့် ညောင်ထောက်ကလေးကျေးရွာ (၂)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး Type (1)အမျိုးအစားဖြင့် စီမံကိန်း ထောက်ပံ့ရန်ပုံငွေ တစ်ရွာလျှင်ကျပ်သိန်း(၃၀၀)ရရှိမည်ဖြစ်ပါကြောင်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)သည် ကျေးရွာ(၁)ရွာလျှင်စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာပေါင်း(၈)ရွာမှာလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း ထံမှသိရသည်။
(၁.၉.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်းစာ စာမျက်နှာ(၈)ကော်လံ(၁/၂)တွင်ပါရှိသည်။