Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပုသိမ်မြို့နယ် ပြည်တော်သာ+ကျွဲချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ သတ္တမအကြိမ် ပြန်လည်ထုတ်ချေးခြင်း

07 September 23

ပုသိမ်  စက်တင်ဘာ ၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများဖြစ်သည့် ပြည်တော်သာ+ကျွဲချောင်း ကျေးရွာအတွက် လည်ပတ်ရန်ပုံငွေ သတ္တမ အကြိမ်ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို စက်တင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ဝါဝါက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ပြောကြားပြီး ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များအား ရန်ပုံငွေများ စနစ်တကျ လွှဲပြောင်းပေးအပ်ကြပါသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း သတ္တမအကြိမ်အဖြစ် ပုသိမ်မြို့နယ် ပြည်တော်သာ+ ကျွဲချောင်းကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်းအသင်းသား (၉၄)ဦး အတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၃၉၃) သိန်းကို ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များက နေ့ချင်းပြီး ထုတ်ချေး ဆောင်ရွက်ခဲ့ကြောင်း ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ဝါဝါက ပြောပြ၍ သိရသည်။