၂၀၂၃ ခုနှစ် စက်တင်ဘာ လ ၅ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လယ်ယာကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လျာထား သည့် ကျေးလက်လယ်ယာကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများ၏ လျာထားဆောင်ရွက် မှုအခြေအနေများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ ၏စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသို့ ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား စက်တင်ဘာလ (၅)ရက်နေ့ မွန်းလွဲ(၁၆:၃၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရဲမှူးကြီးမောင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ဦးစောဒီးဒီမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လယ်ယာ ကုန်ထုတ် လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ နှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လျာထား သည့် ကျေးလက်လယ်ယာကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများ၏ လျာထားဆောင်ရွက် မှုအခြေအနေများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ ၏စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြခြင်း၊ ရှင်းလင်းတင်ပြမှုအပေါ် တက်ရောက်လာကြသော ကော်မတီဝင်များမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အကြံဉာဏ်ပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးအား မွန်းလွဲ(၁၇:၃၀)နာရီအချိန် တွင် ရုပ်သိမ်းခဲ့ပါသည်။