Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသို့ စီမံကိန်းလုပ်ငန်းများနှင့် ကျေးလက်လယ်ယာကုန်ထုတ်လမ်းတံတားများ၊ ရေပေးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများရှင်းလင်းတင်ပြခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

05 September 23

၂၀၂၃ ခုနှစ်  စက်တင်ဘာ  လ   ၅ ရက်

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လယ်ယာကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားသည့်ကျေးလက်လယ်ယာကုန်ထုတ်လမ်းတံတား၊ ရေပေးရေးလုပ်ငန်းများ၏လျာထားဆောင်ရွက်မှုအခြေအနေများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသို့ ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား စက်တင်ဘာလ(၅)ရက်နေ့ မွန်းလွဲ(၁၆:၃၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ရဲမှူးကြီးမောင်မောင်ဦး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး၊ ဦးစောဒီးဒီမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လယ်ယာကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားသည့်ကျေးလက်လယ်ယာကုန်ထုတ်လမ်းတံတား၊ ရေပေးရေးလုပ်ငန်းများ၏လျာထားဆောင်ရွက်မှုအခြေအနေများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းများပြုလုပ်ခဲ့ရာ အစည်းအဝေးသို့တက်ရောက်လာသည့် ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ(၁၇:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။