၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ကျောင်းကုန်းမြို့နယ်၊ အစုလေးကျေးရွာ နှင့် တောင်စုကျေးရွာ (မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်သော တွင်းနက်တူးဖော်ခြင်းလုပ်ငန်း၊ ပန်းတောရိုးအရှေ့ကျေးရွာ ၊ ကြာဂရက်ကျေးရွာ (မွမ်းမံ) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ရေပေးရေးလုပ်ငန်းများအား ကျုံပျော်ခရိုင်ဦးစီးမှူးနှင့် ခရိုင်အင်ဂျင်နီယာအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေး၍ (မူလ)ရန်ပုံငွေဖြင့်ဆောင်ရွက်သော လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် (မွမ်းမံ)လုပ်ငန်းများမှာ (၁၀၀%) ပြီးစီးပြီဖြစ်၍ ကျေးရွာရေကော်မတီသို့ လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းများ ဆက်လက်ပြုလုပ်ရန် မှာကြားခဲ့ပါသည်။