ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ မူယာတောကျေးရွာ ရေပေးရေးလုပ်ငန်းဆောင်ရွက်မှုအား ပြည်ထောင်စုဝန်ကြီးဦးလှမိုး ကွင်းဆင်းကြည့်ရှုစစ်ဆေး
သဲကုန်း ၂၀၂၃ စက်တင်ဘာ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ လိန်တန်းအုပ်စု၊ မူယာတောကျေးရွာ ရေပေးရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအား (၁.၉.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာတောင်သူများ၊ ရေကော်မတီများနှင့်တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးလမ်းညွှန်ခဲ့ပါသည်။