ပေါင်းတည် ၂၀၂၃ ဩဂုတ်လ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် ဗျက်ကြီးကျေးရွာအုပ်စု၊ ညောင်တန်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ဒီကနေ့နံနက်ပိုင်းက ကွင်းဆင်းခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းရာတွင် ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒေါ်သန္တာဦးရွှေနှင့် တာဝန်ရှိသူများက ညောင်တန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး လုပ်ငန်းအား ကြည့်ရှု့ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။