Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ၊ လက်ပံရေကျော်ကျေးရွာအုပ်စု၊ နှမ်းကုန်းကျေးရွာ VRFP စီမံကိန်းချေးငွေထုတ်ချေးပေးခြင်းအခမ်းအနား

30 August 23

 

          မင်းလှမြို့နယ် လက်ပံရေကျော်ကျေးရွာအုပ်စု၊ နှမ်းကုန်းကျေးရွာ VRFP စီမံကိန်း ချေးငွေထုတ်ချေးပေးခြင်းအခမ်းအနားကို (၃၀.၈.၂၀၂၃)ရက်နေ့တွင် နှမ်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မင်းလှမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် မြို့နယ် VRFP စီမံကိန်းတာဝန်ခံ ဒေါ်ခင်အေးမွန်တို့ မှ တက်ရောက်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင် ရန်အတွက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၃၉)ဦးအတွက် ငွေကျပ် (၁၆၃)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၄၅)ဦးအတွက် ငွေကျပ်(၇၀)သိန်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းလုပ်ကိုင်သူ(၃)ဦးအတွက် (၁၅၀၀၀၀)ကျပ်၊ စုစုပေါင်းကျေးရွာသူကျေးရွာသား (၈၇)ဦးအတွက် ငွေကျပ်(၂၃၄၅၀၀၀၀)ကျပ်အား ထုတ်ချေးပေးခဲ့ပါသည်။