Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မာန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

05 September 23

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့် သစ်ပုံကျေးရွာအုပ်စု၊အနောက်ပါးကျေးရွာတွင် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက (၃-၉-၂၀၂၃)ရက်နေ့တွင် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့၊ ရပ်မိရပ်ဖ လူကြီးများ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံ၍ ဆောင်ရွက်မည့်လုပ်ငန်းအား ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ပါသည်။

အနောက်ပါးကျေးရွာ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင် ရွက်ခဲ့ရာ ၈/၂၀၂၃ လအထိ အရင်းတိုးငွေပေါင်း (၅၄.၅၁၆၁)ကျပ်သန်းဖြင့် အသင်သား (၁၃၈)ဦး အား ထုတ်ချေးလည်ပတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။