Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ပန်းတောင်းမြို့နယ် ကျောင်းစုကျေးရွာ၌ သောက်သုံးရေ သုံးစွဲနေမှုအခြေအနေ ကွင်းဆင်းကြီးကြပ်

05 September 23

ကျောက်ပန်းတောင်းမြို့နယ် ကျောင်းစုကျေးရွာ၌ သောက်သုံးရေ သုံးစွဲနေမှုအခြေအနေ ကွင်းဆင်းကြီးကြပ်

ကျောက်ပန်းတောင်း စက်တင်ဘာ ၅

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ  Yandanarpon Crystal Light Co;Ltd မှ တာဝန်ယူဆောင်ရွက်သည့်    တလိုင်းကန်ကျေးရွာအုပ်စု၊ ကျောင်းစု ကျေးရွာတွင် မြေသားရေကန်တူးဖော်ခြင်း အပိုင်း(၂) (၅၀၀'x၅၅၀'x၄') ကုန်ကျငွေကျပ် (၉၃.၃၈)သန်းဖြင့် ၂၆.၆.၂၀၂၃ ရက် နေ့တွင် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပါသည် ။

          အဆိုပါ ကျောင်းစု ကျေးရွာတွင် အိမ်ခြေ (၁၇၆)အိမ်၊ လူဦးရေ (၉၈၃) ဦး နေထိုင်လျှက် ရှိပါသည်။  ရေကန်အား နီးစပ်ရာကျေးရွာ (၅)ရွာနှင့် ကျောင်းစုကျေးရွာအပါအဝင် သောက်သုံးရေ အဖြစ်အသုံးပြုလျှက်သော အိမ်ခြေ(၁၀၂၇)အိမ်၊ လူဦးရေ (၅၅၀၆) ဦး အသုံးပြုလျှက်ရှိပြီး (၁၇.၇.၂၀၂၃) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးသန်း လွင်၊  မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း နှင့် အင်ဂျင်နီယာအဖွဲ့များသည် လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်း (၇၅%) ဆောင်ရွက် ပြီး ဖြစ်ကြောင်းတွေ့ရှိရပါသည်။

          မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ မှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သတ်မှတ် အတိုင်းအတာ ပြည့်မီ စေရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းထံမှ သိရှိရပါသည်။