Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပျော်ဘွယ်မြို့နယ် စန်းတောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

26 August 23

ပျော်ဘွယ်မြို့နယ် စန်းတောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

 

ပျော်ဘွယ်    သြဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအကောင်အထည် ဖော်‌ ဆောင်ရွက်လျက်ရှိသော စန်းတောကျေးရွာမြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေး ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၊ ဥက္ကဌနေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က မြစိမ်း‌ရောင် ကျေးရွာစီမံကိန်းဖြင့်  ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ချစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နှင့် အခြားမိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ စီမံကိန်းဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ‌ချေးငွေထုတ်ချေး ရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးဦးအေးမင်းနိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းရန်ပုံငွေကျပ်သန်း (၃၄.၃၂၀၀၀၀) သန်းလွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စန်းတောကျေးရွာရှိ စိုက်ပျိုး‌ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးရေ ၁၂၀ဦး ၊ မွေးမြူရေးလုပ်ကိုင်သူ ၃၂ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄ဦး၊ စုစုပေါင်း အသင်းသား/သူ (၁၅၆) ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် (၃၄.၃၂၀၀၀၀) သန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။