Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စဉ်ကူးမြို့နယ် အောင်ချမ်းသာကျေးရွာ ၌ VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေး

29 August 23

စဉ်ကူးမြို့နယ် အောင်ချမ်းသာကျေးရွာ    VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေး

                   စဉ့်ကူး သြဂုတ်လ ၂၉ ရက်

                             မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အောင်ချမ်းသာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) စတုတ္ထအကြိမ် ထုတ်ချေး ခြင်းကို သြဂုတ် ၂၈ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

                             ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ အကြောင်း အရာများ၊ ချေးငွေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျှော့ကျရေးလုပ်ငန်းစဉ်အတွက် အထောက်အကူပြုပုံ တို့ကိုရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များထံ ရန်ပုံငွေေ ကျပ် ၃၅၂ သိန်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက်ကျေးရွာ ကော်မတီဝင် များက အောင်ချမ်းသာကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၂၁)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၄၅)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ(၂)ဦး၊ စုစုပေါင်း အသင်းသား/ အသင်းသူ (၆၈)ဦးကို ငွေကျပ်(၃၅၂)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။