ပြင်ဦးလွင်မြို့နယ် ကြီးကိုင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဆင်းပွဲကျင်းပ
ပြင်ဦးလွင် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းက ကြီးကိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာညိုက သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိုက်က သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ ကြီးကိုင်ကျေးရွာမှ သင်တန်းသူစုစုပေါင်း ၁၅ ဦး တက်ရောက်ကြပြီး သင်တန်းတွင် သင်တန်းနည်းပြများက ဆပ်ပြာနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းအမျိုးမျိုးကို ဩဂုတ် ၈ ရက်မှ ၁၇ ရက်ထိ ၁၀ ရက်ကြာပေးခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်က ပြောပြ၍ သိရသည်။