တံတားဦးမြို့နယ် ကျစွာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေသတ္တမအကြိမ်ထုတ်ချေး
ဩဂုတ်(၂၉)
မန္တလေးတိုင်းဒေသကြီး ၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက် ရေးဦးစီးဌာနက ကျစွာကျေးရွာအုပ်စု၊ကျစွာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဒသမအကြိမ်ထုတ်ချေးခြင်းကို ဩဂုတ်၂၉ ရက်နေ့ မွှန်းလွှဲပိုင်းက ကျစွာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုက ကျေးလက်နေပြည်သူများ ၏အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွားလာစေရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းအဆိုပါ စီမံကိန်းရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စီမံကိန်း အသင်းသား၊အသင်းသူများ ကျေးရွာကော်မတီဝင်များအနေဖြင့် အလေးထားဆောင်ရွက်ကြစေလို ကြောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုနှင့်စီမံကိန်းတာဝန်ခံများက မြစိမ်းရောင် ကျေးရွာ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်းများထံ ငွေကျပ်၅၃ဒသမ၉သန်းလွှဲပြောင်းပေးအပ်ခဲ့ ကြောင်းသိရသည်။
ထိုနောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေဒသမအကြိမ်အဖြစ် တံတားဦးမြို့နယ်၊ကျစွာကျေးရွာမှ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ(၈၁)ဦး ကိုငွေကျပ်၂၂ဒသမ၂၅သန်း၊ မွေးမြူရေးလုပ်ငန်းကိုင်သူ (၅၆)ဦး ကို ငွေကျပ် ၁၅ဒသမ၉သန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၅၇)ဦး ကိုငွေကျပ်၁၅ဒသမ၇၅သန်းစုစုပေါင်း အသင်းသား/အသင်းသူ(၁၉၄)ဦးကို မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းအပျောက် လည်ပတ်ရန်ပုံ ငွေကျပ်၅၃ဒသမ၉သန်း ထုတ်ချေးပေးခဲ့ကြောင်း တံတားဦးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုပြောပြ၍သိရသည်။