Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ငါန်းဇွန်မြို့နယ်၊သံကုန်းကျေးရွာ၌ Slab Culvert တံတား(၂)စင်းတည်ဆောက်နမှုကွင်းဆင်းစစ်‌ဆေးခြင်း

29 August 23

ငါန်းဇွန်မြို့နယ်၊သံကုန်းကျေးရွာ၌ Slab Culvert

တံတား(၂)စင်းတည်ဆောက်နမှုကွင်းဆင်းစစ်‌ဆေးခြင်း

ငါန်းဇွန် ဩဂုတ် ၂၉

 

မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနက  သံကုန်းကျေးရွာအုပ်စု၊ သံကုန်းကျေးရွာ၌ Slab Culvert တံတား၂စင်းတည် ဆောက်နေမှု အခြေအနေများကို ဩဂုတ်လ၂၉ရက်နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ    သံကုန်းကျေးရွာ Slab Culvert တံတား တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးမိုးအောင် က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မှပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။    

          သံကုန်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Slab Culvert၂စင်း အရှည်(၂၀)ပေ၊ အကျယ်(၃)ပေ၊အနက်(၃)ပေရှိ ကုန်ထုတ်တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကတာဝန်ယူဆောင်ရွက်ပြီး ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်တွင် မွမ်းမံခွင့်ပြု ရန်ပုံငွေကျပ်၉ဒသမ၂၁၄သန်းဖြင့် ဇူလိုင်လစတုတ္တအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ၇၅ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်း အဆိုပါ တံတား၂စင်းဆောင်ရွက်ပြီးစီးပါက သံကုန်းကျေးရွာရှိအိမ်ခြေ(၆၃၇)၊လူဦးရေ(၂၈၃၅)ဦး တောင်သူများ၏လယ်ယာထွက်ကုန်များ ဈေးကွက်သို့ ကုန်ကျ စရိတ် သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင် ပြောပြ၍သိရသည်။