Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ်ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ရေပေးရေးလုပ်ငန်းဆောင်ရွက်နေမှု အား ခရိုင်ဦးစီးမှူးမှကွင်းဆင်းစစ်ဆေး

02 September 23

မိုးညှင်းမြို့နယ်ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ရေပေးရေးလုပ်ငန်းဆောင်ရွက် နေမှု အား ခရိုင်ဦးစီးမှူးမှကွင်းဆင်းစစ်ဆေး   

မိုးညှင်း ၊စက်တင်ဘာ ၁ 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တကွင်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို စက်တင်ဘာ ၁ ရက်နေ့ကကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့် နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာရေရရှိရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ ကြပြီး  ခရိုင်ဦးစီးမှူးက လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာတည်ဆောက်နိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက် ရန်မှာကြားခဲ့ပြီး လုပ်ငန်းများအလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါတွင်းနက်တူးဖော်ခြင်း လုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများဖြစ်သည့်  ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ၂၄၀၀ ဆံ့ ကွန်ကရစ် ရေစင်တည်ဆောက်ခြင်း ၊၂” ရေပိုက်လိုင်း ပေ ၃၀၀၀သွယ်တန်းခြင်း လုပ်ငန်းကို မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကအင်ဂျင်နီယာအစုအဖွဲ့မှ  ၂၀၂၃- ၂၀၂၄ခု ဘဏ္ဍာနှစ် တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(၃၁ ဒသမ ၃၄၀)ကျပ်သန်းဖြင့် ဇူလိုင် လနောက်ဆုံးပတ်က စတင်ဆောင် ရွက်ခဲ့ ရာ ယခုအခါလုပ်ငန်းများ ၅၀%ပြီးစီးနေပြီဖြစ်ကြောင်း နှင့်အဆိုပါလုပ်ငန်းပြီးစီးပါက တကွင်း​ကျေးရွာ နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာအသုံးပြုနိုင်​တော့မည်ဖြစ်ကြောင်း သိရသည်။

(၂.၉.၂၀၂၃)ရက်နေ့ နံနက် ၉နာရီ  မြဝတီရုပ်မြင်သံကြား ပြည်တွင်းသတင်းတွင်ပါရှိသည်။