Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ် ခုနစ်မိုင်ကျေးရွာ၌ သောက်သုံးရရရှိရေး လုပ်ငန်းဆောင်ရွက်မှုအား ခရိုင်ဦးစီးမှူး မှ ကွင်းဆင်းစစ်ဆေး

04 September 23

မိုးညှင်းမြို့နယ် ခုနစ်မိုင်ကျေးရွာ၌ သောက်သုံးရရရှိရေး လုပ်ငန်းဆောင်ရွက်မှုအား ခရိုင်ဦးစီးမှူး မှ ကွင်းဆင်းစစ်ဆေး     

 မိုးညှင်း ၊   စက်တင်ဘာ ၃  

ကချင်ပြည်နယ်၊ မိုးညှင်း ခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ခုနစ်မိုင်ကျေးရွာ၌​သောက်သုံးရေရရှိရေး လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေကို စက်တင်ဘာ ၃  ရက်နေ့ကကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့် နှင့် တာဝန်ခံ အင်ဂျင်နီယာတို့ကခုနစ်မိုင်ကျေးရွာသောက်သုံးရေရရှိရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေ အ​နေများကိုကြည့်ရှုစစ်ဆေးပြီးကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းတင်ပြရာ ခရိုင်ဦးစီးမှူးက လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီး အောင်ဆောင်ရွက် ရန်မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါခုနစ်မိုင်ကျေးရွာတွင်နက်တူးဖော်ခြင်း လုပ်ငန်းတွင်အလျားပေ ၁၆၂၀၀ရှိ စိမ့်စမ်းရေသွယ်တန်း ခြင်းလုပ်ငန်း အလျား၂၅ပေ အနံ သုံး​ပေ နှင့် အမြင့် ငါးပေရှိ ရေတားတမံတည်ဆောက်ခြင်း၊ဂါလံ  ၅၀၀၀ ဆံ့ ရေစုကန်နှစ်ကန် တည်​ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၃- ၂၀၂၄ခု ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၆၁ ဒသမ ၈၇၅ သန်းဖြင့်  မိုးမြင့်သဒ္ဓါကုမ္ပဏီက ဇူလိုင်လ ဒုတိယပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ  ယခုအခါလုပ်ငန်းများ ၈၀% ခန့် ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူးဦးထွန်းထွန်းဝင်းထံမှ သိရသည်။

(၄.၉.၂၀၂၃)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ (၃၀) ကော်လံ(၅/၆)တွင်ပါရှိသည်။