Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မလှိုင်မြို့နယ် မြေခြားကျေးရွာ၌ ရေပေးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်း

01 September 23

မလှိုင်မြို့နယ် မြေခြားကျေးရွာ၌ ရေပေးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်း

မလှိုင်  စက်တင်ဘာ ၁

 

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ၂၀၂၄−၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် သပြေပင်ကျေးရွာအုပ်စု၊ မြေခြားကျေးရွာ၌  အိမ်တိုင်ရာရောက်ရေမီတာစနစ် လျာထားဆောင်ရွက်နိုင်ရန်အတွက်  ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုနှင့် ဝန်ထမ်းများက သပြေပင်ကျေးရွာအုပ်စု၊ မြေခြားကျေးရွာ၌  အိမ်တိုင်ရာရောက်ရေမီတာစနစ် (ပြည်သူ+ကျေးလက်+Unicef)လုပ်ငန်း ဆောင်ရွက်နိုင်ရေး အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ အိမ်တိုင်ရာရောက်ရေမီတာစနစ် လျာထားတင်ပြထားကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

          မြေခြားကျေးရွာ၌ အိမ်တိုင်ရာရောက်ရေမီတာစနစ်ဆောင်ရွက်ခြင်းကို နိုင်ငံတော်ဘတ်ဂျတ် ကျပ်သန်း (၁၀.၇၅)ဖြင့် လျာထားတင်ပြထားကြောင်းသိရသည်။