Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် ဒေါင့်ဘိုးကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

02 September 23

စလင်းမြို့နယ် ဒေါင့်ဘိုးကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်
==========================================
စလင်း                   စက်တင်ဘာ                     ၂
 
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိလာနိုင်စေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖွှင့်ပေးခြင်းဖြင့် ကျွမ်းကျင်အလုပ်သမားများ တိုးပွားလာပြီး မိသာစုဝင်ငွေပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ရက်နေ့နံနက် ၁၀နာရီတွင်ဒေါင့်ဘိုးကျေးရွာအုပ်စု၊ဒေါင့်ဘိုးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဌဦးလွှမ်းမိုးအောင်မှစတင်အဖွှင့်အမှာစကား ပြောကြားပြီးစလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးမောင်မောင်သွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ရရှိလာမည့်အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားခဲ့ပြီးသင်တန်းအထောက်အကူပြုပစ္စည်းများအား သင်တန်းသားတစ်ဦးချင်းထံ ပေးအပ်ခဲ့သည်။
 
အဆိုပါသင်တန်းကို ဒေါင့်ဘိုးကျေးရွာအတွင်းရှိ သင်တန်းသူစုစုပေါင်း ၃၀ ဦးတက်ရောက်ကြပြီး သင်တန်းတွင် အဝတ်အထည်ချုပ်နည်းအမျိုးမျိုးကို  မြို့နယ်ကျေးလက်ဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် သင်တန်းဆရာမ ဒေါ်ခင်သက်ဝေမှ ၁-၉-၂၀၂၃ရက်နေ့မှ ၃၀-၉-၂၀၂၃ရက်နေ့အထိ ရက်(၃၀)ကြာ အခမဲ့စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။