မြင်းခြံမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း
စီမံကိန်းကျေးရွာစီမံချက်ရေးဆွဲနည်းသင်တန်းပေးခြင်းနှင့်AVIP သင်တန်းဖွင့်လှစ်ပို့ချခြင်း
မြင်းခြံ ဩဂုတ်လ ၃၁
မြင်းခြံခရိုင်ကွပ်ကဲမှုအောက်ရှိ မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနတ်ထား ကျေးရွာအုပ်စု၊ ကျောက်ရံကျေးရွာကော်မတီဝင်များအားကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာစီမံချက် ရေးဆွဲနည်းသင်တန်းပေးခြင်းနှင့် AVIP သင်တန်းဖွင်လှစ်ပို့ချခြင်းအခမ်းအနားကို နံနက် ၁၀နာရီ အချိန်က မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနရုံးအစည်းအဝေးခန်းမ၌ (၂၈.၈.၂၀၂၃)ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်သက်သက်နွယ် က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာစီမံချက်ရေးဆွဲနည်းသင်တန်းပေးခြင်းနှင့် AVIP သင်တန်းဖွင်လှစ်ပို့ချခြင်းနှင့်ပတ်သက်၍ အဖွင့်ရှင်းလင်းပြောကြားပါသည်။
ထို့နောက်တက်ရောက်လာကြသော မြို့နယ်ဉီးစီးမှူးနှင့်တာဝန်ခံဝန်ထမ်းများ ကျေးရွာကော်မတီဝင်များ နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသင်တန်းနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးပြော ကြားခဲ့ကြောင်းသိရပါသည်။
ဆက်လက်၍သင်တန်းတွင် သင်ကြားပို့ချပေးမည့် မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဉီးစီးဌာနမှ ဒေါ်နှင်းယုလွင်(ဉီးစီးအရာရှိ-နည်းပညာ)နှင့် ဒေါ်သက်ဝါခိုင်တို့မှ သယံဇာတပြမြေပုံ ရေးဆွဲ နည်း၊ရာသီခွင်ပြက္ခဒိန်ရေးဆွဲနည်း၊ AVIPပုံစံများ ဖြည့်သွင်းနည်း၊ လုပ်ငန်းပြီးစီးမှုအစီရင်ခံစာတင်ပြခြင်း၊ မှတ်တမ်းထိန်းသိမ်းနည်းများအား စီမံကိန်းတာဝန်ခံများက သင်ကြားပို့ ချပေးကြပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ် ဉီးစီးမှူး ဒေါ်သက်သက်နွယ်နှင့်တာဝန်ရှိသူများ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း နတ်ထား ကျေးရွာအုပ်စု၊ ကျောက်ရံကျေးရွာ မှကျေးရွာကော်မတီ(၃)ဉီးတို့သည် တက်ရောက်ခဲ့ကြပြီးသင်တန်း ကိုစာတွေ့လက်တွေ့နှစ်မျိုးဖြင့် (၅)ရက် ကြာသင်တန်းပို့ချပေးသွားမည်ဖြစ် ကြောင်းသိရသည်။