မံစီမြို့နယ် နမ့်မဖွဲ့ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအား စစ်ဆေးခြင်း
=======================================================
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နမ့်မဖွဲ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမ၌ မျက်နှာကျက်တပ်ဆင်ခြင်း၊ သန့်စင်ခန်း(၂)ခန်းတွဲတည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ (၂.၉.၂၀၂၃)ရက်နေ့တွင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတန်ဂျီး(လက်ထောက်ညွှန်ကြားရေးမှူး)မှ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။
အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ်(၁၀)သန့်ဖြင့် ဩဂုတ်လ စတုတ္ထပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၄၅%) ပြီးစီးပြီဖြစ်ပါသည်။