Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ " ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)" သင်တန်းဖွင့်လှစ်ခြင်း

03 September 23

စစ်ကိုင်း  ဩဂုတ် ၂၅ 

               သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ၊ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်" ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)"သင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၂၅ရက်နေ့နံနက်ပိုင်းတွင် လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

               ရှေးဦးစွာ လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး၊ဒေါ်စိုးမှ  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများမှ  ကျေးရွာဖွံ့ဖြိုးရေးကော်မတီများကို သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းမှာကြားခဲ့ပါသည်။

               အဆိုပါသင်တန်းသို့  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊လဟယ်မြို့နယ်အတွင်းရှိ VDP စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဂဟုန်းကျေးရွာ၊ ဟွေ့ကုန်ကျေးရွာ၊ ယမ်းကြုံးကျေးရွာ၊ ကာမွေလောရီကျေးရွာ၊ ယွန်းတိုင်းကျေးရွာ၊ လောင်ဂီးကျေးရွာ၊ အာရ်ကြိမ်ကျေးရွာ၊ ကားရော်လောင်ကိုင်ကျေးရွာ၊ ရွှေလောကျေးရွာ၊ လန်ခင်းကျေးရွာ၊ ကူးကူးနောက်ကုန်းကျေးရွာ၊ ထန်ပါ‌ခွေကျေးရွာနှင့် ဂိုးညူးကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ စုစုပေါင်း (၃၉)ဦး  တက်ရောက်ခဲ့ပြီး  ((VDP) စီမံကိန်းအကြောင်းအရာများ၊ စီမံချက်ရေးဆွဲနည်းအကြောင်းအရာများ၊ ဖွံ့ဖြိုးရေးရန်ပုံငွေ‌တောင်းခံလွှာနှင့် ‌ဈေးနှုန်းအဆိုပြုလွှာစသည့် သင်တန်းစာများကို တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း  သိရှိရပါသည်။

 

ကိုမြတ်