Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ "ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)" သင်တန်းဖွင့်လှစ်ခြင်း

03 September 23

စစ်ကိုင်း  ဩဂုတ် ၂၅ 

               သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ၊ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်" ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)"သင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၂၅ရက်နေ့နံနက်ပိုင်းတွင် လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

               ရှေးဦးစွာ လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး၊ဒေါ်စိုးမှ  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများမှ  ကျေးရွာဖွံ့ဖြိုးရေးကော်မတီများကို သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းမှာကြားခဲ့ပါသည်။

               အဆိုပါသင်တန်းသို့  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊လဟယ်မြို့နယ်အတွင်းရှိ VDP စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဂဟုန်းကျေးရွာ၊ ဟွေ့ကုန်ကျေးရွာ၊ ယမ်းကြုံးကျေးရွာ၊ ကာမွေလောရီကျေးရွာ၊ ယွန်းတိုင်းကျေးရွာ၊ လောင်ဂီးကျေးရွာ၊ အာရ်ကြိမ်ကျေးရွာ၊ ကားရော်လောင်ကိုင်ကျေးရွာ၊ ရွှေလောကျေးရွာ၊ လန်ခင်းကျေးရွာ၊ ကူးကူးနောက်ကုန်းကျေးရွာ၊ ထန်ပါ‌ခွေကျေးရွာနှင့် ဂိုးညူးကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ စုစုပေါင်း (၃၉)ဦး  တက်ရောက်ခဲ့ပြီး  ((VDP) စီမံကိန်းအကြောင်းအရာများ၊ စီမံချက်ရေးဆွဲနည်းအကြောင်းအရာများ၊ ဖွံ့ဖြိုးရေးရန်ပုံငွေ‌တောင်းခံလွှာနှင့် စေ◌ျးနှုန်းအဆိုပြုလွှာစသည့် သင်တန်းစာများကို တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း  သိရှိရပါသည်။

 

ကိုမြတ်