ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ပန်းတနော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၃-၂၀၂၄ခု ၊ ဘဏ္ဍာရေးနှစ် တွင် ရွှေလှေကျေးရွာအုပ်စု ၊ ရွှေလှေကျေးရွာ ၌ ဖွင့်လှစ်သင်ကြားမည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲ အခမ်းအနား
ပန်းတနော် စက်တင်ဘာလ (၁) ရက်
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ရွှေကျေးရွာအုပ်စု ၊ ရွှေလှေကျေးရွာ ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်း ဖြစ်သည့် အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို (၀၁.၀၉.၂၀၂၃) ရက်နေ့ နံနက်ပိုင်း က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ သင်တန်းဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ရာတွင် မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက တက်ရောက်၍ အဖွင့်အမှာ စကားပြောကြား ရာတွင် ကျေးလက်ဒေသနေ ပြည်သူများအတွက် အလု်ပအကိုင်အခွင့်အလမ်းများ ရရှိရေး ၊ ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်လာစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက် စေရန်၊ ဒေသနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများ ပေါများသည့် အသက်မွေးပညာရရှိပြီး လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင်တက်မြောက်စေရန်၊ တစ်ပိုင် တစ်နိုင် အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းများမှသည် အသေးစား/အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သက်မွေးသင်တန်းများ ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ယခုဖွင့်လှစ်သည့် အခြေခံအပ်ချုပ်စက်သင်တန်းတွင်လည်း သင်တန်းသူများ အနေဖြင့် သင်တန်းကာလပြီးဆုံးသည် အထိ စိတ်ပါဝင်စားစွာ တက်ရောက်ကြနိုင်ရေးပြောကြားပါသည်။ ဆက်လက်၍ ပန်းတနော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်ဝင်းက အမှာစကား ပြောကြားပြီး အခမ်းအနားသို့ ပန်းတနော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုး နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေလှေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများ တက်ရောက်ကြပါသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းအား ရွှေလှေကျေးရွာ အုပ်စု၊ရွှေလှေကျေးရွာတွင် (၀၁-၀၉-၂၀၂၃ ရက်နေ့မှ ၃၀-၀၉-၂၀၂၃ ရက်နေ့အထိ) သင်တန်းသူ (၃၀)ဦး ဖြင့် ရက်ပေါင်း(၃၀) စာတွေ့လက်တွေ့ သင်ကြားသွားဖြစ်ကြောင်း သိရပါသည်။