မောင်တောခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေး နှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဌာန မှတာဝန်ယူဆောင်ရွက်မည့် မောင်တောမြို့နယ်၊ ကံပြင်သာစည် ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့်ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းများဆောင် ရွက်ရန် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ (၃၁-၈-၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
လုပ်ငန်းခွင်ကွင်းဆင်းဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းဆောင်ရွက်မည့်ဒေသခံကျေးရွာသူ/ရွာသား များနှင့်တွေ့ဆုံပြီး အချိန်မှီပြီးစီးနိုင်ရေးအတွက်ပေါင်းစမ်ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကုန်ထုတ်လမ်းပြီးစီးပါက ကျေးရွာအတွက် ဒေသထွက်ကုန်ပစ္စည်းများအချိန်မှီ သယ်ဆောင် နိုင်မည်ဖြစ် ကြောင်းသတင်းရရှိပါသည်။